ပေါက်ခေါင်း ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် မြို့နေပြည်သူများသွားလာရေးလွယ်ကူစေရန်အတွက် မြို့နယ်အားကစားကွင်း၏အရှေ့လမ်းပိုင်းနှင့် အနောက်လမ်းပိုင်းအား မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ ကျောက်ချောလမ်းအဖြစ် ပြင်ဆင်ဖောက်လုပ်လျက်ရှိကြောင်းသိရသည်။
အဆိုပါလမ်းပိုင်းများသည် မြို့နယ်၏မြေအနိမ့်ပိုင်းဖြစ်သည့် အမှတ်(၃)ရပ်ကွက်တွင်တည်ရှိသောကြောင့် မိုးတွင်းကာလမိုးအဆက်မပြတ်ရွာသောအခါ၌ ရေကြီးရေလျှံခြင်းများဖြစ်ပေါ်၍ ရပ်ကွက်နေပြည်သူများသွားလာရန်အခက်အခဲရှိသောကြောင့် မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနမှ အရှည် ၁၂ ပေ ၉ လက်မခန့်ရှိသော ကျောက်ချောလမ်း ၂ လမ်းအဖြစ် ပြင်ဆင်ဖောက်လုပ်ပေးလျက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျောက်ချောလမ်းအဖြစ်ပြင်ဆင်ဖောက်လုပ်ပြီးစီးသွားပါက ရပ်ကွက်နေပြည်သူများနှင့် ကျောင်းသားလူငယ်များအနေဖြင့် မိုးတွင်းကာလ၌ပင်သွားလာရန်အ တွက်အဆင်ပြေစေမည်ဖြစ်၍ ရာနှုန်းပြည့်ဖောက်လုပ်ပြီးစီးရန် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဖုန်းကျော်ဇင်(ပြန်/ဆက်)