ပြည်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဆုံစည်းရာစာဖတ်ဝိုင်းကျင်းပ

ပြည် ဩဂုတ် ၂၈

ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆုံစည်းရာ Book Club အဖွဲ့တို့ လစဉ်ပူးပေါင်းဆောင်ရွက်သည့် စာဖတ်ဝိုင်းကျင်းပပြုလုပ်သည်။

စာဖတ်ဝိုင်းတွင် ပြည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ရွှေဝါဖူးက စာဖတ်ရှိန်မြှင့်တင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသော ပြည်မြို့နယ်စာရေးဆရာအသင်းမှ ဆုံစည်းရာ Book Club အဖွဲ့ဝင် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက မိမိတို့ဖတ်ရှုလေ့လာမှတ်သားထားသော သုတ/ရသ၊ ကဗျာ စာပေဆိုင်ရာအကြောင်းများနှင့် မြို့နယ်အတွင်း စာဖတ်ရှိန်မြှင့်တင်ရေးဆောင်ရွက်မည့် အခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)