ပန်းတောင်း သြဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိရာ ယနေ့တွင် ကျေးရွာအုပ်စု (၃၀) အုပ်စု၊ တောင်သူ (၂၈၁၅) ဦး၊ ဧကပေါင်း (၁၁၉၅၀) ဧကအတွက် ချေးငွေသိန်းပေါင်း ၁ သောင်း ၇ ထောင့် ၉ရာ၂၅ သိန်းကို တောင်သူများ လက်ဝယ်အရောက် ထုတ်ချေးပြီးဖြစ်ကြောင်း သိရသည်။
အဆ်ိုပါချေးငွေများကို ယခင်နှစ်ကချေးငွေများ အကျေပေးဆပ်သည့် တောင်သူများကို ဦးစားပေးထုတ်ချေးပေးလျက်ရှိပြီး လယ်တစ်ဧကလျှင် ကျပ်တစ်သိန်းခွဲနှုန်း၊ အတိုးနှုန်း(၅) ရာခိုင်နှုန်းဖြင့်သာ ထုတ်ချေးပေးခြင်းဖြစ်ပြီး ချေးငွေထုတ်ချေးပေးရန် ကျန်ရှိနေသော ကျေးရွာအုပ်စု (၁၇) အုပ်စု၊ တောင်သူ (၃၂၀၀) ဦး၊ ဧကပေါင်း (၁၃၃၅၀)ဧကအတွက် ချေးငွေကျပ်စုစုပေါင်း သိန်းပေါင်း ၂ သောင်း ၂၅ သိန်း ကျပ်ကိုလည်း သတ်မှတ်ချက်များနှင့်အညီ ဆက်လက်ထုတ်ချေးပေးရန် လျာထားကြောင်း သိရသည်။ ယခင်နှစ်တွင်လည်း ကျေးရွာအုပ်စု (၄၇) အုပ်စု၊ တောင်သူ (၇၉၇၇) ဦး၊ ဧကပေါင်း (၃၃၃၄၃)ဧကအတွက် ချေးငွေသိန်းပေါင်း ၅ သောင်း ၁ ဆယ့် ၄ သိန်း ၅ သောင်း ထုတ်ချေးပေးနိုင်ခဲ့ကြောင်း သိရသည်။
လပြည့်လင်း (ပြန်/ဆက်)