မုံရွာမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကျင်းပ

မုံရွာ ဩဂုတ် ၂၈

မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲကို ယမန်နေ့နံနက်ပိုင်းတွင် မုံရွာမြို့၊ အခြေခံပညာအလယ်တန်းကျောင်းခွဲ(လယ်တီ)၌ ကျင်းပပြုလုပ်သည်။
ဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် လူငယ်ရေးရာဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ ဦးစီးအရာရှိ ဒေါ်ယုယုဝင်းက ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာဆိုင်ရာ သိကောင်းစရာများကိုလည်း ကောင်း ‌‌အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စာဖတ်ရှိန် မြှင့်တင်ရေးအတွက် ကလေးအလုပ်သမားပပျောက်ရေးနှင့် လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံများကိုပြသရာ ကျောင်းသား၊ ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြပြီး သုတရသစာအုပ်စာစောင်များကိုလည်း စနစ်တကျ အခမဲ့ငှါးရမ်းပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)