စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် ကြက်ခြေနီအခြေခံသင်တန်း အမှတ်စဉ်(၂) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

စစ်ကိုင်း ဩဂုတ် ၂၈

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၂)သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက အဆိုပါတက္ကသိုလ်ရှိ မိုးလုံလေလုံအာကစားခန်းမတွင်ကျင်းပရာ ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊  ပါမောက္ခဌာနမှူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ သင်တန်သား၊ သင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကြက်ခြေနီအဖွဲ့ စစ်ကိုင်းခရိုင်တပ်ဖွဲ့မှူး ဦးမြင့်သိန်းထွန်းက သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များနှင့် ကျောင်းအတွက် ဆေးသေတ္တာများ ပေးအပ်ခဲ့သည်။

ထို့နောက် စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါ မောက္ခချုပ်ဒေါက်တာ အေးသက်သက်ဝင်းက သင်တန်းနည်းပြများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။

ယခုဖွင့်လှစ်သည့် ကြက်ခြေနီအခြေခံသင်တန်းအမှတ်စဉ်(၂)ကို သင်တန်းသား၊ သင်တန်းသူ (၃၄၃)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကားလမှာ (၇)ရက် သင်ကြားပို့ချခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

နေလင်းအောင်(ပြန်/ဆက်)