ဟုမ္မလင်း ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဖွင့်လှစ်သည့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ဟုမ္မလင်းမြို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ အငြိမ်းစားကျောင်းအုပ်ဆရာမကြီး၊ ဒေါ်ဝင်းယဉ်က စာကြည့်တိုက်များ ရေရှည်တည်တံ့ခိုင်မြဲအောင် ဆောင်ရွက်ရန်အတွက် ဒေသဆိုင်ရာအာဏာပိုင်များ၏အား၊ စာကြည့်တိုက်ကော်မတီဝင်များ၏အား၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏အားနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၏အားဆိုသည့် အားလေးအားကလည်း အဓိကကျသကဲ့သို့ ဗဟုသုတများစွာပေးစွမ်းနိုင်သည့် စာကြည့်တိုက်များ စနစ်တကျလည်ပတ်ရန်အတွက် စာကြည့်တိုက်မှူးများသည် အရေးပါလှပါကြောင်း၊ တာဝန်ရှိသူများအနေဖြင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်လာအောင် ပူးပေါင်းဆောင်ရွက်သွားကြရန်လိုအပ်ပါကြောင်း စသည်ဖြင့်အဖွင့်အမှာစကားပြောကြားခဲ့သည်။
ယင်းနောက် ဟုမ္မလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဧဆက်က အခြေခံစာကြည့်တိုက်ပညာသင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မြို့နယ်အဆင့် ၊အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ သင်တန်းနည်းပြများ၊ ကျောင်းစာကြည့်တိုက် တာဝန်ခံစာကြည့်တိုက်မှူးများ၊ ကျေးရွာစာကြည့်တိုက်တာဝန်ခံနှင့် စာကြည့်တိုက်မှူးများ စုစုပေါင်း သင်တန်းသား ၂၀ ဦးဖြင့် ၂၇.၈.၂၀၂၅ ရက်နေ့မှ ၂.၉.၂၀၂၅ ရက်နေ့အထိ ၅ ရက်ကြာ ဖွင့်လှစ်သွားဖြစ်ကြောင်း သိရသည်။
ဟုမ္မလင်း(ပြန်/ဆက်)