တမူး ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေမှ ထောက်ပံ့ငွေများပေးအပ်ခြင်းကို ဩဂုတ်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီအချိန်က ဗောဓိတောရကျောင်းတိုက် ဓမ္မာရုံ၌ ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ငွေများ ပေးအပ်ရာတွင် တမူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ ထောက်ပံ့ငွေပေးအပ်နေမှု အခြေအနေများကိုပြောကြားခဲ့ပြီး ယာယီ နေရပ်စွန့်ခွာနေကြသည့် ပြည်သူ (၁၁၄) ဦးအတွက် တစ်ဦးလျင် တစ်လ၂၀၀၀ဝိ/-ကျပ်နှုန်းဖြင့် (၄/၅/၆ -၂၀၂၅) သုံး လအတွက် ထောက်ပံ့ငွေ (၆၀၀၀ဝိ/-) ကျပ်နှုန်း၊စုစုပေါင်း( ၁၁၄) ဦးအတွက်ထောက်ပံ့ငွေ (၆၈၄၀၀၀ဝိ/-)ကျပ်အား တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူနှင့် အဖွဲ့ဝင်များမြို့နယ် နေရပ်စွန့်ခွာပြည်သူများသို့ ထောက်ပံ့ငွေများပေးအပ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများ တက်ရောက်ခဲ့ကြသည်။
တမူးမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူ (၁၇၁၈) ဦးရှိပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းကိုကိုနှင့်အဖွဲ့ဝင်များ၏ စီစဥ်ကြီးကြပ်မှုဖြင့် ဩဂုတ်လ (၂၅) ရက်နေ့မှ ယနေ့ထိ (၄၄၆) ဦးထောက်ပံ့ပေးအပ်ခဲ့ပြီး ကျန်ရှိသည့် ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ
တမူးခရိုင် (ပြန်/ဆက်)