ချောက် သြဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်တွင် အရည်အသွေးပြည့်မီသော အင်တာနက်ဝန်ဆောင်မှုများ ရရှိစေခြင်းဖြင့် စားသုံးသူများ၏ နေ့စဉ်လူမှုဘဝကိစ္စရပ်များ အဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးသည် ချောက်မြို့ပေါ်ရှိ ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု) ဆောင်ရွက်ပေးနေသည့်လုပ်ငန်းများအား ယနေ့နံနက် ၉ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ချောက်မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် MPT Fiber Internet service နှင့် SPACE link Fiber Internet sevice လုပ်ငန်းလုပ်ကိုင်နေသည့် ဆိုင်များအား ကွင်းဆင်း၍ ဆက်သွယ်ရေးဝန်ဆောင်မှု(Package/Plan)များနှင့် ဝန်ဆောင်ခနှုန်းထားများအား အများပြည်သူလွယ်ကူစွာ သိရှိနိုင်စေရေး ဖော်ပြထားမှုရှိ/မရှိ စစ်ဆေးခဲ့ပြီး ဝန်ဆောင်ခနှုန်းထားများ ပြောင်းလဲမှုရှိပါက သုံးစွဲသူများကို ကြိုတင်အသိပေးရန်၊ ဝန်ဆောင်ခနှုန်းထားများ မှားယွင်းစွာငွေကြေးဖြတ်တောက်မှုဖြစ်ပေါ်ခဲ့ပါက သုံးစွဲသူများအား သက်ဆိုင်ရာအော်ပရေတာများက ငွေပြန်အမ်းသည့် Refund Policy များ ချမှတ်ဆောင်ရွက်ရေး၊ အင်တာနက်လိုင်းများပြတ်တောက်ပါက သက်ဆိုင်ရာကုမ္ပဏီများအနေဖြင့် ပြည်သူများ စိတ်ကျေနပ်မှုရရှိအောင် ဆောင်ရွက်ပေးရေးများကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ချောက်မြို့ပေါ်တွင် ဆက်သွယ်ရေးဝန်ဆောင်မှု (အင်တာနက်ဝန်ဆောင်မှု)ဆောင်ရွက်နေသည့် လုပ်ငန်း(၄)ခုရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)