ရေနံချောင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသ

ရေနံချောင်း ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုပြသခြင်းကို ယနေ့နံနက် နာရီခွဲက အမှတ်() အခြေခံပညာအထက်တန်းကျောင်း နဝဒေးခန်းမ၌ ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာ ယနေ့ခေတ်ကာလတွင် ဆက်သွယ်ရေးနည်းပညာတိုးတက်လာမှုကို အခွင့်ကောင်းယူပြီး လိမ်လည်မှုဖြစ်စဉ်များ ကျူးလွန်လာနိုင်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများ သတိပြုရှောင်ရှားနိုင်ရန် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန(LMLECC)မှ ပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဗီဒီယိုဖိုင်()ဖိုင်ကို ပရိုဂျက်တာဖြင့် ဆင့်ပွားအသိပညာပေးပြသခဲ့ကြောင်း သိရသည်။

အသိပညာပေးဗီဒီယိုပြသရာသို့ အမှတ်()အခြေခံပညာအထက်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ ဒုတိယမြို့နယ်ဥပဒေအရာရှိနှင့် တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)