ကျွန်းလှမြို့နယ်၌ မိုးမြေပဲနုတ်ယူ ဆွတ်ခူးချိန် နေ့စားလုပ်သားများ ဝင်ငွေရရှိ

ကျွန်းလှ ဩဂုတ် ၂၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းအဖြစ် သီးနှံမျိုးစုံစိုက်ပျိုးကြပြီး ယခုနှစ် မိုးရာသီစိုက်ပျိုးသော မိုးမြေပဲများ နုတ်ယူဆွတ်ခူးချိန် နေ့စားလုပ်သားများ ဝင်ငွေရရှိနေကြကြောင်း သိရသည်။

“ကျွန်းလှမြို့နယ်မှာ ဒီနှစ် မိုးရာသီစိုက်ပျိုးခဲ့တဲ့ မြေပဲများ နုတ်ယူဆွတ်ခူးနေကြပါတယ်။ တောင်သူတွေက သီးနှံများသိမ်းဆဲပြီး အမိုးအကာအောက် ရောက်ရှိရေးအတွက် နေးစားလုပ်သားများငှားရမ်းကြပါတယ်။ အခုအခါ မြေပဲနုတ်ငှားရင် နံနက်စာကျွေးပြီး နေကုန်တစ်ဦးကို ငွေကျပ် ၂၀၀၀၀၊ မြေပဲဆွတ်ငှားရင် မြေပဲတစ်တင်းကို ငွေကျပ် ၅၀၀၀ ရပြီးတစ်နေကုန်ဆွတ်ရင် သုံးတင်း၊ လေးတင်းရပါတယ်” ဟု နေ့စားလုပ်သားတစ်ဦးက ပြောသည်။

ကျွန်းလှမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဆီထွက်သီးနှံအဖြစ် မြေပဲ၊ နှမ်းနှင့် နေကြာသီးနှံ စုစုပေါင်း ၇၃၂၄ ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း၊ မိုးမြေပဲနုတ်ပြီးသည့် ‌တောင်သူများ ဆောင်းမြေပဲ (စကပဲ) စိုက်ပျိုးရန် ပြင်ဆင်နေကြကြောင်း သိရသည်။

မျိုးဝင်းညို (ကျွန်းလှ)