တမူး ဩဂုတ် ၂၇
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာနေကြသည့် ပြည်သူများအား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေမှ ထောက်ပံ့ငွေပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့နံနက်(၉)နာရီအချိန်က အေးချမ်းဝေစည်ဘုန်းတော်ကြီးကျောင်းတိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တမူးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး ယာယီနေရပ်စွန့်ခွာနေကြသည့်ပြည်သူ (၁၁၃)ဦးအတွက် တစ်ဦးလျှင် တစ်လ၂၀၀၀ဝိ/-ကျပ်နှုန်းဖြင့် (၄/၅/၆ -၂၀၂၅) သုံးလအတွက် ထောက်ပံ့ငွေ(၆၀၀၀ဝိ/-)ကျပ်နှုန်း၊ စုစုပေါင်း(၁၁၃) ဦးအတွက် ထောက်ပံ့ငွေ (၆၇၈၀၀၀ဝိ/-)ကျပ်အား တာဝန်ရှိသူများက ထောက်ပံ့ပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်ဗိုလ်မှူး မျိုးမင်းအောင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်သူနှင့် အဖွဲ့ဝင်များ မြို့နယ်နေရပ်စွန့်ခွာပြည်သူများသို့ ထောက်ပံ့ငွေများပေးအပ်ရေး ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။
တမူးမြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာနေကြသည့် တိုက်ပွဲရှောင်ပြည်သူ (၁၇၁၈) ဦးရှိပြီး ကျန်ရှိသည့် ပြည်သူများကိုလည်း ဆက်လက်ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ရတနာ(ပြန်/ဆက်)