သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ သမင်ကုန်း၊ လင်းတာကျ ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆက်လက်ဆောင်ရွက်

သာပေါင်း ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ သမင်ကုန်း၊ လင်းတာကျ ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြသည်။
သမင်ကုန်း၊ လင်းတာကျ ကျေးရွာအုပ်စုများရှိ မဲဆန္ဒရှင်များအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားတွင် နံနက် ၁၀ နာရီအချိန်က သမင်ကုန်း ကျေးရွာအုပ်စု၊ မေရီကုန်းကျေးရွာခန်းမ၊ မွန်းလွဲ ၁ နာရီအချိန် လင်းတာကျ ကျေးရွာအုပ်စု၊ လင်းတာကျ ကျေးရွာ၊ မင်္ဂလာရွှေညွှန့်ဘုန်းတော်ကြီးကျောင်းရှိ ဂန္တဝင်စံကျောင်းဆောင်တို့၌ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က အမှာစကားပြောကြားပြီး မြို့နယ်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကြင်ဝင်းနှင့် အဖွဲ့ဝင်တို့မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)၏ လုပ်ဆောင်ချက် (System Unit)များနှင့် ကိုင်တွယ်အသုံးပြုခြင်းနည်းလမ်း (Usage)များ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ကို အသုံးပြုခြင်းဖြင့်မဲပေးရာတွင် မြန်ဆန်၍ နားလည်လွယ်ခြင်း၊ ပယ်မဲများမရှိခြင်း၊ အချိန်တိုအတွင်း မဲရလဒ်များ ရေတွက်နိုင်ခြင်း၊ တိကျသော မဲရလဒ်များ ရရှိနိုင်ခြင်း၊ ရေရှည်တွင်ကုန်ကျစရိတ်များ လျှော့ချနိုင်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်း၊ ရွေးကောက်ပွဲရလဒ်များကို လျင်မြန်စွာကြေငြာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်ကြောင်းရှင်းလင်း‌ကာ တတ်ရောက်လာကြသော မဲဆန္ဒရှင်များက လက်တွေ့စမ်းသပ်မဲပေးခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့တို့က ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်မျိုးဦး(ပြန်/ဆက်)