ညောင်တုန်းမြို့နယ်တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး ၊ အတီး မြို့နယ်အဆင့် ပြိုင်ပွဲကျင်းပ

ညောင်တုန်း သြဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး ၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ လှိုင်ပညာအားကစားခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မျိုး‌ကျော်က အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေးလက္ခာများ မပျောက်ပျက်အောင် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက်ရည်ရွယ်၍ ပြိုင်ပွဲများကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးထွန်းမြင့်က ကျောင်းသား/ကျောင်းသူများအနေဖြင့် မိမိတို့၏ အရည်အချင်းများကို ထုတ်ဖော်ပြသခွင့်ရသည့်ပြိုင်ဖြစ်၍ ကြိုစားယှဉ်ပြိုင်ကြရန်လိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်နိုင်ရေးအတွက် ဂုဏ်ပြုချီးမြှင့်ငွေများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုး‌ကျော်နှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်တို့ကပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြပြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး ၊အတီး မြို့နယ်အဆင့် ပြိုင်ပွဲကိုဆက်လက်ကျင်းပရာ အခြေခံပညာအဆင့် အတီးပြိုင်ပွဲ(စန္ဒယား)၊ ခေတ်ဟောင်း/ကာလပေါ် အဆိုပြိုင်ပွဲ၊ အကပြိုင်ပွဲ၊ ကဗျာလွတ်အကပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)