တောင်တွင်းကြီးမြို့နယ်တွင် "ကမ္ဘာမြေစိမ်းလန်းဖို့ စနစ်တကျအမှိုက်စွန့်ပစ်စို့" အသိပညာပေး မြေစိုက် ပိုစတာစိုက်ထူ

တောင်တွင်းကြီး ဩဂုတ် ၂၇

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ပြည်သူများ အမှိုက်များစနစ်တကျ ခွဲခြားစွန့်ပစ်ခြင်းဆိုင်ရာ နည်းလမ်းများကို သိရှိနားလည်ပြီး လိုက်နာဆောင်ရွက်တက်စေရန် ရည်ရွယ်၍ "ကမ္ဘာမြေစိမ်းလန်းဖို့ စနစ်တကျအမှိုက်စွန့်ပစ်စို့" အသိပညာပေးမြေစိုက်ပိုစတာကို မြို့လယ်လမ်းဆုံတွင် ယနေ့နံနက်က စတင်စိုက်ထူခဲ့သည်။

ထိုသို့ အသိပညာပေး မြေစိုက်ပိုစတာစိုက်ထူရာတွင် တောင်တွင်းကြီးမြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်မြတ်၏ ဦးဆောင်မှုဖြင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများက တောင်တွင်းကြီးမြို့နယ်အတွင်း လူစည်ကားရာနေရာတစ်ခုဖြစ်သည့် မြို့လယ်လမ်းဆုံတွင် ဖြတ်သန်းသွားလာသည့် ပြည်သူများအား အမှိုက်များကို အမှိုက်စို၊ အမှိုက်ခြောက်၊ အန္တရာယ်ရှိသောအမှိုက်၊ ပလပ်စတစ်အမှိုက်ဟူ၍ အမှိုက်အမျိုးအစားအလိုက် အရောင်လေးမျိုးဖြင့် ခွဲခြားစွန့်ပစ်နိုင်ရေး အသိပညာပေးမြေစိုက်ပိုစတာ စိုက်ထူခြင်းဖြစ်ကြောင်း သိရသည်။

နောင်နောင် (ဗိဿနိုးမြေ)