မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၂၀၂၅ ခုနှစ် သခင်ဖိုးလှကြီးဒိုင်း ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် တောင်တွင်းကြီး FC ဘောလုံးအသင်းအား ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

တောင်တွင်းကြီး သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၂၀၂၅ ခုနှစ် သခင်ဖိုးလှကြီးဒိုင်း ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သည့် တောင်တွင်းကြီး FC ဘောလုံးအသင်းအား သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက တောင်တွင်းကြီးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ဦးဆောင်၍ ရန်ပယ်အားကစားကွင်း မိုးလုံးလေလုံးခန်းမ၌ ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ တောင်တွင်းကြီးမြို့နယ် အမှတ်(၇)စစ်အခြေခံလေ့ကျင့်ရေးတပ် ၊ တပ်မှူး ဗိုလ်မှူးကြီး ကျော်သန်းဆွေက ပထမဆုထိုက်ထိုက်တန်တန်ရရှိခဲ့သည့် တောင်တွင်းကြီးမြို့ဂုဏ်ဆောင် တောင်တွင်းကြီး FC အသင်းအား ဂုဏ်ပြုချီးမွမ်းစကားပြောကြားခဲ့ပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၂၀၂၅ ခုနှစ် သခင်ဖိုးလှကြီးဒိုင်း ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော တောင်တွင်းကြီး FC ဘောလုံးအသင်းတာဝန်ရှိသူများက ဆုဒိုင်းအား တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများထံ လွှဲပြောင်းပေးခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်ကျင်းပသည့် ၂၀၂၅ ခုနှစ် သခင်ဖိုးလှကြီးဒိုင်းဘောလုံးပြိုင်ပွဲတွင် ဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိခဲ့သော တောင်တွင်းကြီး FC ဘောလုံးအသင်း၊ အသင်းနည်းပြက ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မှု၊ ပထမဆုရရှိအောင် ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးသည့် တောင်တွင်းကြီးမြို့နယ်စီမံခန့်ခွဲ့ရေးနှင့် အုပ်ချုပ်ရေးကော်မတီတာဝန်ရှိသူများအား ကျေးဇူးတင်စကားပြောကြားခဲ့ပြီး တက်ရောက်လာသည့် ဧည်သည်တော်များ၊ အားကစားသမားများအား ညနေစာဖြင့် တည်ခင်းဧည့်ခံခြင်း၊ တေးသီချင်းများဖြင့် ဧည့်ခံဂုဏ်ပြု၍ အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။

နောင်နောင်(ဗိဿနိုးမြေ)