ပခုက္ကူ ဩဂုတ် ၂၇
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လစာလာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း (အငြိမ်းစား) များအား ကျန်းမာရေးစောင့်ရှောက်မှုပေးပြီး သက်သာသောဈေးနှုန်းဖြင့် စားသုံးဆီများ ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၊ မြန်မာ့စီးပွားရေးဘဏ်ခွဲ၌ ပင်စင်လစာထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) (၆၀၃၈) ဦးရှိပြီး ခရိုင်အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) (၁၀၇) ဦးတို့အား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီးချို၊ သွေးချို၊ နှလုံးရောဂါဆိုင်ရာ စစ်ဆေးပေးခြင်း၊ အခြေခံရောဂါရှာဖွေစမ်းသပ်စစ်ဆေး ကုသပေးခြင်း၊ ကျန်းမာရေး အသိပညာပေးဟောပြောခြင်းနှင့် လိုအပ်သောဆေးဝါးများ အခမဲ့ပေးအပ်ခြင်း၊ ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ဆီကုန်သည်များနှင့် ဆီလုပ်ငန်းရှင်အသင်းနှင့် တာဝန်ရှိသူများက နိုင်ငံ့ဝန်ထမ်း(အငြိမ်းစား) (၃၀၀၀) ဦးတို့အား တစ်ဦးလျှင် စားသုံးဆီနှစ်ပိဿာစီဖြင့် သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်နေမှုအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြိုနယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးမိုးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)