တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်​​ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း ဆောင်ရွက်

တောင်ငူ သြဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှကြီးမှူး၍ တောင်ငူမြို့ပေါ်ရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို သြဂုတ် ၂၄ ရက်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တောင်ငူမြို့၊ အမှတ် (၁၃)ရပ်ကွက်၊ ရွှေဆံတော်ဇာတ်ရုံ၌ အမှတ် (၁၁) (၁၂) (၁၃) (၁၄) (၁၅) (၁၆) (၁၇) ရပ်ကွက်များရှိ မဲဆန္ဒရှင်ပြည်သူများအားလည်းကောင်း၊ မွန်းလွဲ()နာရီအချိန်တွင် အမှတ် (၁၈)ရပ်ကွက်၊ အိုးကုန်းရပ်၊ ချမ်းသာကြီးဘုရားဓမ္မာရုံ၌ အမှတ်(၁၈)နှင့် (၂၂)ရပ်ကွက်တို့ရှိ မဲဆန္ဒရှင်ပြည်သူများအားလည်းကောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကျော်ကျော်နှင့်အဖွဲ့၊ ဒုတိယဦးစီးမှူး ဒေါ်စိမ်းမို့မို့တို့က မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးခြင်းနှင့်ပတ်သက်၍ အသိပညာပေး ရှင်းလင်းဆွေးနွေးပြောကြားပြီး မဲဆန္ဒရှင်ပြည်သူ၊ စုစုပေါင်း (၅၀၀) ဦးခန့်က မြန်မာအီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ လက်တွေ့မဲပေးကြသည်။

ထို့နောက် မဲဆန္ဒရှင်ပြည်သူများက သိရှိလိုသည်များကိုမေးမြန်းကြရာ တောင်ငူမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြောင်းနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဦးဇော်ကိုကို