မင်းတုန်း ဩဂုတ် ၂၆
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် အခြေခံပညာအထက်တန်းကျောင်းခန်းမတို့တွင် ယနေ့နံနက် ၉ နာရီက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်ရာ ဌာနဆိုင်ရာဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စုသက်နှင်းဝေနှင့်အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးကိုကိုခိုင်တို့က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်း(၁၉၀)ဦးနှင့် အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် (၂၂၄)ဦးတို့က မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြပြီးနောက် စမ်းသပ်မဲပေးမှုရလဒ်ကို အချိန်တိုအတွင်း ထုတ်ပြန်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ချင်းကလေး(NRDC)