ပေါက်ခေါင်း ဩဂုတ် ၂၆
ပဲခူးဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် တောင်သူလယ်သမားများ အထွက်နှုန်းကောင်းမွန်စေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုအဆင်ပြေစေရေးတို့အတွက် စိုက်ပျိုးစရိတ်ချေးငွေ စုစုပေါင်း (၅၃၅) သိန်းကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ယမန်နေ့ နံနက်ပိုင်းက ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ထုတ်ချေးရာတွင် ယခင်နှစ်ကချေးငွေများ အကြေပေးချေသည့် တောင်သူများကို ဦးစားပေးထုတ်ချေးပေးသွားမည်ဖြစ်ပြီး လယ်တစ်ဧကလျှင်ကျပ်တစ်သိန်းခွဲနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိရာ ဝက်တိုးကျေးရွာအုပ်စုမှ တောင်သူလယ်သမား (၁၁၀) ဦးတို့၏ စိုက်ပျိုးဧက(၂၉၃)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၄၃၉)သိန်း(၅)သောင်းနှင့် အမှတ်(၃)ရပ်ကွက်မှ တောင်သူလယ်သမား (၁၆)ဦးတို့၏ စိုက်ပျိုးဧက(၆၄)ဧကအတွက် စိုက်ပျိုးစရိတ်ချေးငွေ ကျပ်(၉၆)သိန်း ကျပ်(၅၃၅)သိန်းအား အသီးသီးစနစ်တကျ ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ချေးငွေများကို အကြေပေးချေခဲ့သည့် တောင်သူလယ်သမားများအား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ချေးငွေထုတ်ချေးပေးရန်ကျန်ရှိသူများကိုလည်း သတ်မှတ်ချက်များနှင့်အညီ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)