ပခုက္ကူမြို့တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ပခုက္ကူ ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယနေ့နံနက်ပိုင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ရုံးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသော ကျောက်ထုမြို့နယ်ခွဲရုံးမှ စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ချိုချိုဝင်းက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် ငလျင်ဘေး၊ မြေပြိုဘေး၊ မိုးခေါင်ရေရှားဘေးများ၏ ကြိုတင်ပြင်ဆင်ရေးနည်းလမ်းများ၊ သဘာဝဘေးအန္တရာယ်နှင့် ကြုံတွေ့လာပါက မိမိသိရှိထားသည့်အသိပညာများကို လက်တွေ့အသုံးပြုကြရန်၊ စုပေါင်းဝိုင်းဝန်းဆောင်ရွက်တတ်စေရေး၊ သဘာဝဘေးအန္တရာယ်အမျိုးမျိုး၊ မုန်တိုင်းဘေးအသိပညာများ၊ မိုလေဝသ သတိပေးအချက်အလက်များကို နားထောင်ကြပြီး မိသားစုဝင်များနှင့် အနီးအနားရှိပြည်သူများအား အသိပေးကြရန်၊ သဘာဝဘေးအန္တရာယ်ဖြစ်လာပါက ဘေးကင်းလုံခြုံသည့်နေရာများသို့ ပြောင်းရွှေ့နေထိုင်ကြရန် စသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများကို ဟောပြောဆွေးနွေးခဲ့သည်။ အဆိုပါဟောပြောပွဲသို့ အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်းမှ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မယ်ခွေ