ဟင်္သာတ ဩဂုတ်လ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၉ နာရီက ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဟင်္သာတခရိုင် ကော်မရှင်အဖွဲ့ခွဲနှင့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများအား ရွေးကောက်ပွဲဆိုင်ရာစွမ်းရည်မြှင့် ဆင့်ပွားသင်တန်းဖွင့်ပွဲ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲသို့ ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှမိုး၊ အဖွဲ့ဝင် ဦးသန်းထွန်း၊ ဟင်္သာတခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်ဝေ၊ အတွင်းရေးမှူး ဦးအောင်ကျော်မိုး၊ အရပ်သားအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအဖွဲ့ဝင်များ ၊ ဟင်္သာတမြို့နယ်၊ ဇလွန်မြို့နယ်၊ လေးမျက်နှာမြို့နယ်၊ မြန်အောင်မြို့နယ်၊ အင်္ဂပူမြို့နယ်နှင့် ကြံခင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ဧရာဝတီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးလှမိုးက ရွေးကောက်ပွဲဆိုင်ရာ စုဝေးဟောပြောခြင်းနှင့် မဲဆွယ်စည်းရုံးခြင်းလုပ်ငန်းများတွင် လိုက် နာဆောင်ရွက်ရန်အချက်များနှင့် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများအတွက် ရွေးကောက်ပွဲဆိုင်ရာကျင့်ဝတ်များအား အဖွင့်အမှာစကားတွင် ထည့်သွင်းရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းအား နည်းပြများအဖြစ် ဟင်္သာတခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင့်ဝေနှင့် အတွင်းရေးမှူး ဦးအောင်ကျော်မိုးတို့မှ ဆင့်ပွားသင်တန်းအဖြစ် (၃) ရက်ကြာ သင်တန်းသား၊ သင်တန်းသူ (၂၈) ဦးတို့အား ဖွင့်လှစ်ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)