အိမ်မဲမြို့နယ် Community Centre ခန်းမတွင် Book Club အဖွဲ့ စာဖတ်ဝိုင်းကျင်းပ

အိမ်မဲ သြဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် Book Club အဖွဲ့ မှ စာရေးဆရာ ဥာဏ်ဝေ (မြစ်သာမြေ)၏ “နှင်းတောင်တန်းကပန်းဥယျာဥ်” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၁)နာရီ အချိန်က ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် အိမ်မဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဌေးဌေးလှိုင်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုပြောကြားခဲ့ပြီး ဦးဆောင် ဆွေးနွေးသူများအဖြင့် မြို့နယ်ဦးစီးအရာရှိနှင့်  Book Club အဖွဲ့ဝင်များက အဆိုပါစာအုပ်မှ တိမ်လွှာနှင့် ယှဥ်အတွေးမျှင်၊ နာဂမြေခရီးနိဒါန်း၊ ငွေနှင်းဝေတဲ့ ထန်ပါခွေအစရှိသည့် ခေါင်းစဥ်ဖြင့် အကြောင်း အရာများကို  အချင်းချင်း အပြန်အလှန် မိမိတို့ထင်မြင်ယူဆချက်များအား ဆွေးနွေးပြောကြားခဲ့သည်။

ဆက်လက်ပြီး မြို့နယ်ပြန်/ဆက်ဦးစီးဌာနမှ စာဖတ်ဝိုင်းတက်ရောက်လာသူများအား လူကုန်ကူးမှု တိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသပေးခဲ့သည်။

အဆိုပါစာဖတ်ဝိုင်းများကျင်းပပေးခြင်းကြောင့် Club အဖွဲ့များ တစ်ဦးနှင့်တစ်ဦး ရင်နှီးမှုရှိခြင်း၊ တစ်ဦးကရရှိသည့် ဗဟုသုတကို အခြားသူများသို့ ဆက်လက်ဝေမျှနိုင်ခြင်း၊ စာဖတ်အား ပိုမိုကောင်းမွန်လာခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ကြောင်း သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)