ဇလွန် သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် တောင်ဧရာရောင်းဝယ်ရေး သမဝါယမအသင်း၏ (၂၀၂၄ - ၂၀၂၅) ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ယနေ့နံနက် ၁၁ နာရီတွင် မြို့နယ်သမဝါယမအသင်းစု၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ဇလွန်မြို့နယ် တောင်ဧရာရောင်းဝယ်ရေး သမဝါယမအသင်းဥက္ကဋ္ဌ ဦးသန်းဖေနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ယဥ်စိုးအေးတို့က အမှာစကားများပြောကြားခဲ့သည်။ ထို့နောက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆာင်ရွက်မှု အစီရင်ခံစာနှင့် (၂၀၂၄-၂၀၂၅) ဘဏ္ဍာရေးရှင်းတမ်းများအား ဒါရိုက်တာ အဖွဲ့ဝင်များက ဖတ်ကြားရှင်းလင်းပြီး ရှင်းလင်းချက်များအပေါ် အသင်းသား၊ အသင်းသူများက ပြန်လည်ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြသည်။ ဆက်လက်၍ ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ဘဏ္ဍာရေးရှင်းတမ်းများကို အသင်းသားများထံမှ လက်ခံအတည်ပြုချက်ရယူကြရာ တက်ရောက်လာသည့် အသင်းသားများက အတည်ပြုလက်ခံ ခဲ့ကြသည်။ အဆိုပါ နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် အသင်းသားများအား ရင်းနှီးငွေအပေါ် အကျိုးအမြတ်များ ပြန်လည်ထုတ်ပေး၍ စားသုံးဆီများ လက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)