ပေါက်ခေါင်း ဩဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား Biometric ကောက်ယူပြီး (UID) Unique Identity ထုတ်ပေးခြင်းကို မြန်မာ့စီးပွားရေးဘဏ်၌ ဩဂုတ် ၂၅ ရက်နေ့က ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး ဦးအောင်ဇော်ထက် ဦးဆောင်၍ (UID) Smart Card မပြုလုပ်ရသေးသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (UID) Unique Identity ထုတ်ပေးခြင်းဆောင်ရွက်ခဲ့ကြောင်း ကျန်ရှိသူများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဖုန်းကျော်ဇင် (ပြန်/ဆက်)