ဇလွန် သြဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာန မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲကို ယနေ့နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်သန်းနု၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်လဲ့လဲ့မိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနရုံးမှ ဒေါ်ကျော့ယဥ်ခိုင်က မိခင်များအတွက် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ၊ စိတ်ထိခိုက်ခံစားရမှုများကို လျော့ချရန်နည်းလမ်းများ၊ MCCT အစီအစဥ်တွင် အကျိုးခံစားခွင့်ရှိသူများနှင့် အကျိုးခံစားခွင့်ရှိသူများ၏ အကြောင်းအရာများ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားမှုလက္ခဏာအကြောင်းအရာများအား သင်တန်းပို့ချခဲ့သည်။ အဆိုပါသင်တန်းသို့ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၃၀)ဦးတို့ တက်ရောက်ခဲ့ကြသည်။
ဝေယံ(ပြန်/ဆက်)