ရွှေဘို ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် ပုဂ္ဂလိကမူကြိုကျောင်းများရှိ ကလေးသူငယ်များအား သဘာဝဘေးအန္တရာယ်များဖြစ်သည့်မီးဘေး၊ ရေဘေး၊ ငလျင်ဘေးဆိုင်ရာ အသိပညာများရရှိစေရေးအတွက် တိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံး၏ ညွှန်ကြားချက်အရ ရွှေဘိုခရိုင်/မြို့နယ်မီးသတ်ဦးစီးဌာန၊ ရွှေဘိုခရိုင်လူမှုဝန်ထမ်းဦးစီးဌာနနှင့် ရွှေဘိုမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ပါဝင်သော ကြီးကြပ်ရေးအဖွဲ့က ရွှေဘိုမြို့နယ်အတွင်းရှိ မူကြိုကျောင်းများတွင် သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲများ ဆောင်ရွက်လျက်ရှိရာ ဩဂုတ် ၂၅ ရက် နံနက် ၁၀နာရီတွင် ရွှေဘိုမြို့ အမှတ် (၃) ရပ်ကွက်၊ TWINKLE ပုဂ္ဂလိကမူကြိုကျောင်းမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦးနှင့်ဆရာမများကို ခရိုင်မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမြင့်က မီးဘေး၊ ငလျင်ဘေးနှင့် ရေဘေးဆိုင်ရာများအား အသိပညာပေးဟောပြောပြီး ရွှေဘိုမြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးအောင်မြတ်တိုးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက အသက်ကယ်ပစ္စည်း (Rescue Tool) များအသုံးပြုမှုနှင့် မီးငြှိမ်းသတ်မှုသရုပ်ပြသခဲ့သည်။
ရွှေဘိုမြို့နယ်အတွင်း ပုဂ္ဂလိကမူကြိုကျောင်း (၁၀) ကျောင်းရှိရာ ဩဂုတ်လတွင် (၅)ကျောင်းနှင့် စက်တင်ဘာလတွင် (၅) ကျောင်းတို့အား သဘာဝဘေးအန္တရာယ် အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အေးမြင့်စန်း
ခရိုင် (ပြန်/ဆက်)