ပြည်မြို့ရှိ ကျောက်ဖြူပညာရေးဒီဂရီကောလိပ်(ပြည်)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြော

ပြည် ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ကျောက်ဖြူပညာရေး ဒီဂရီကောလိပ်(ပြည်)၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ဩဂုတ်လ ၂၀ ရက်က ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ကွင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် အဆိုပါကျောင်းမှ ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း ၂၇၀ ဦးအား ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်တင်ချိုက ငလျင်ဘေး၊ ရေကြီးရေလျှံဘေး၊ မိုးကြိုးဘေးနှင့် မုန်တိုင်းဘေးအစရှိသည့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ရှောင်ရန်များအကြောင်းကို အသိပညာပေးဆွေးနွေးဟောပြောခဲ့ရာ သင်တန်းသား၊ သင်တန်းသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြသည်။

ယင်းနောက် ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ဝန်ထမ်းများက တက်ရောက်လာကြသူများအတွက် သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များ၊ ဗီနိုင်းပိုစတာနှင့် ဘောပင်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)