ရွှေဘိုမြို့၌ နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲ ကျင်းပ

ရွှေဘို သြဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ​ရွှေဘိုခရိုင်၊​ ရွှေဘိုမြို့၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ယနေ့နံနက် (၉) နာရီအချိန် ​ရွှေရတုခန်းမ၌ အထက်တန်းအဆင့်၊ အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းသား၊ ကျောင်းသူများစုပေါင်း၍ နိုင်ငံတကာစာတတ်​မြောက်​ရေး​နေ့ အထိမ်းအမှတ်စာစီစာကုံး၊ ကဗျာ၊ ပန်းချီပြိုင်ပွဲများကို ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား "စာမတတ်သူပ​ပျောက်​ရေး ​ကျောင်းပြင်ပပညာ​ရေးဖြင့် ဖြည့်ဆည်း​ပေး"​ "နိုင်ငံ​တော်ဖွံ့ဖြိုးတိုးတက်ဖို့ စာတတ်​မြောက်​ရေးကိုအား​ပေးစို့ "စာစီစာကုံး​ခေါင်းစဥ်များဖြင့်လည်းကောင်း၊ "လူမှုဘဝပြည့်စုံဖို့ စာတတ်​မြောက်​ရေးဝိုင်းကူစို့" နှင့်အနာဂတ်ဘဝလှပဖို့ စာတတ်​မြောက်​အောင်ကြိုးပန်းစို့" ကဗျာ​ခေါင်းစဉ်ဖြင့်လည်းကောင်း၊" အ​မှောင်ခွင်း၍အလင်း​ဆောင်ဖို့ စာတတ်​မြောက်​ရေးဝိုင်းကူစို့ "ပန်းချီပြိုင်ပွဲ​ခေါင်းစဥ်များဖြင့်ကျင်းပ ပြုလုပ်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲတွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်တို့မှ စာစီစာကုံးဝင်ရောက်ဖြေဆိုသူ (၂၇) ဦး၊ ကဗျာပြိုင်ပွဲတွင် (၂၆) ဦးနှင့် ပန်းချီပြိုင်ပွဲတွင် (၄၁) ဦးယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင် (ပြန်/ဆက်)