ယင်းမာပင်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

ယင်းမာပင် ဩဂုတ် ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့နံနက် (၁၀)နာရီအချိန်တွင် အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်အေးက စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ လစဉ်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ သိုက်စိုးထွန်း (နတ်ရွာ) ရေးသားသည့် သိတဲ့မြင်တဲ့အတိုင်းစာအုပ်တွင် ဖော်ပြပါရှိသော စာဖတ်သူတိုင်း စာဖတ်ရေး အားလုံးပါဝင်ကူညီပေး၊ ပြိုင်တူတွန်းကြပါစို့၊ လူငယ်နှင့် ဆက်ဆံရေး၊ အရေးကြီးတာအရင်လုပ်စသည့် ဆောင်းပါးများအား တစ်ဦးချင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)