ကလေး ဩဂုတ် ၂၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ဒေသခံပြည်သူများအား စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်ရန်အတွက် ယနေ့နံနက် ၉ နာရီမှ ၁၂ နာရီအချိန်အထိ ကလေးမြို့ ချမ်းမြ့အောင်စည်ရပ်ကွက် ကလေးဝလမ်းရှိ ဆီကုန်သည် ဒေါ်ချိုချိုဝင်း၏ နေအိမ်၌ ရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချပေးရာတွင် အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ ၁ ပိဿာကို ဈေနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။ စားအုန်းဆီရောင်းချပေးမှုကို Monday Global Network co;ltd မှ ခွဲတမ်းရှိသော ဆီများဖြစ်ကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာ ရောင်းချပေးသောကြောင့် ဒေသခံပြည်သူများ ဝမ်းမြောက်ဝမ်းသာဖြင့် လာရောက်ဝယ်ယူခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း(ပြန်/ဆက်)