သနပ်ပင် သြဂုတ် ၂၆
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် သမဝါယမဦးစီးဌာနမှတိုင်းဦးစီးမှူးဒေါ်ချောစုလိူင်နှင့်အဖွဲ့သည် ကမာဖရံကျေးရွာအုပ်စုအတွင်းရှိ "ဒိုင်းမွန်း" စိုက်ပျိုးရေးနှင့်အထွေထွေလုပ်ငန်းသမဝါယမအသင်းသားတောင်သူဦးစိုးမင်း၏ လယ်တွင်မိုးစပါးစံပြကွက်စိုက်ပျိုးထားရှိမှုနှင့်အောင်နိုင်တိုးစပါးမျိုးဖြင့် မိုးစပါးစိုက်ပျိုးထားရှိမှုအား ဩဂုတ်လ ၂၄ ရက်နေ့ မနက်ပိုင်းကကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။
ဆက်လက်၍ မိုးစပါးစိုက်သမဝါယမအသင်း ၂ သင်း၏အသင်းသားတောင်သူများနှင့်တွေ့ဆုံ၍ ပန်းတိုင်အထွက်နှုန်းတိုးအောင်ဆောင်ရွက်ရန်အတွက် အသင်း သားတောင်သူများနှင့်တွေ့ဆုံမေးမြန်းကာ လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။
အောင်မြင့်မြတ်(ပြန်/ဆက်)