ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက်မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅)ပြုလုပ်

ညောင်လေးပင် ဩဂုတ် ၂၆

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့၌ ၂၀၂၅ ခုနှစ်၊ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၆/၂၀၂၅)ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ရှေးဦးစွာ ညောင်လေးပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးအောင်ကျော်စိုးမှ ယခုကျင်းပပြုလုပ်မည့်(၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲတွင် မြို့နယ်များအားလုံးစုံလင်အောင်ပါဝင်ယှဉ်ပြိုင်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းများနှင့်ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲဖြစ်မြောက်နိုင်ရေးအတွက် သက်ဆိုင်ရာဆပ်ကော်မတီများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အင်အား များများရရှိနိုင်ရေးအတွက် သက်ဆိုင်ရာကော်မတီများအလိုက် ပူးပေါင်းချိတ်ဆက်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ သည်။

ဆက်လက်၍ ညောင်လေးပင်တပ်နယ်မှူးမှ(၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ လိုအပ်သည်များကိုပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များက အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့်ပတ်သက်၍ အသီးသီးဆွေးနွေးတင်ပြခဲ့ကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ တင်ပြဆွေးနွေးချက်များအပေါ် လိုအပ်သည်များကို ပြန်လည်လမ်းညွှန်ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါအခမ်းအနားသို့ ညောင်လေးပင်ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တပ်နယ်မှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်အတွင်းရှိမြို့နယ်များမှ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဆပ် ကော်မတီအလိုက်ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ စုစုပေါင်း လူဦးရေအင်အား(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)