စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ တက်ရောက်မည့်လူငယ်များနှင့်တွေ့ဆုံ

စစ်ကိုင်း ဩဂုတ် ၂၅

စစ်ကိုင်းပညာရေးတက္ကသိုလ်၌ မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅သို့ တက်ရောက်မည့်လူငယ်များနှင့် အကြိုညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါတက္ကသိုလ်ရှိ အစည်းအဝေးခန်းမတွင်ကျင်းပရာ ပါမောက္ခချုပ်ဒေါက်တာအေးသက်သက်ဝင်း၊ ဒုတိယပါမောက္ခချုပ်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်း‌ဒေသကြီးဦးစီးမှူးနှင့် လူငယ်အဖွဲ့များတက်ရောက်ကြကြောင်း သိရသည်။

တွေ့ဆုံပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဆန်းဝင်းကလူငယ်မဟာဗျူဟာဖိုရမ်တွင် ဆွေးနွေးမည့်ခေါင်းစဉ်များအလိုက် ကြိုတင်ပြင်ဆင်နိုင်ရေး၊ ပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက ပါဝင်ဆွေးနွေးကြမည့် လူငယ်များအတွက် လိုအပ်သည့်အချက်အလက်များဆောင်ရွက်ပေးထားမှု အခြေအနေ များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ် ၂၀၂၅ တက်ရောက်မည့် လူငယ်များက မိမိတို့ဆွေးနွေးကြမည့် ခေါင်းစဉ်များအလိုက် အသီးသီးဆွေးနွေး တင်ပြကြသည်။ စစ်ကိုင်းတိုင်းဒေသကြီးအနေဖြင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ် မဟာဗျူဟာဖိုရမ် ၂၀၂၅ သို့ ဆွေးနွေးမည့် လူငယ်(၁၄)ဦး၊ ကြီးကြပ်အဖွဲ့ဝင်(၄)ဦး စုစုပေါင်း (၁၈)ဦး တက်ရောက်မည့်ဖြစ်ကြောင်း သိရသည်။

နေလင်းအောင်