ကရသူရိ သြဂုတ် ၂၆
တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင် ကရသူရိမြို့၌ ကျောင်းသား/သူများ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ခြင်းကို ယမန်နေ့ ညနေက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ပြုလုပ်သည်။
ကျောင်းသားကျောင်းသူများ ကျောင်းစာများသာမက စာအုပ်စာပေမှပေးသော အသိပညာ အတတ်ပညာများရရှိရေး၊ စာအုပ်စာပေချစ်မြတ်ရေးနှင့် စဥ်ဆက်မပြတ်ထိတွေ့နိုင်ရေး၊ စာပေဝါသနာရှင်များထွန်းကားရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-၃က စာပေဖတ်ရှုရန်နည်းလမ်းကောင်းများဆွေးနွေးခြင်းနှင့် တစ်ဦးချင်းအလိုက်ဖတ်ရှုခြင်းတို့ ဆောင်ရွက်သည်။
အဆိုပါ ဆောင်ရွက်ခြင်းသည် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများကို သိရှိနားလည်၍ စာဖတ်ရှိန်တိုးတက် မြှင့်မားလာစေရန် အလေ့အကျင့်များပြုလုပ်ပေးခြင်းဖြစ်ကြောင်းသိရသည်။
ကရသူရိပြန်/ဆက်