စေတုတ္တရာမြို့နယ်၌ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းအသိပညာပေးခြင်း ဆောင်ရွက်

စေတုတ္တရာ ဩဂုတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌  မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟိန်းထက်အောင်က အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးဌေးလွင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးနည်းအသိပညာပေးခြင်း ဆောင်ရွက်ရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် အီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးနည်း အသုံးပြုပုံအသုံးပြုနည်းများအား ရှင်းလင်းပြသပေးပြီး တက်ရောက်လာသော ဌာနာဆိုင်ရာဝန်ထမ်းများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် ဆန္ဒမဲပေးနည်းကို လက်တွေ့သရုပ်ပြ ဆောင်ရွက်ခဲ့သည်။

စေတုတ္တရာမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) ဖြင့် ဆန္ဒမဲပေးနည်း လက်တွေ့သရုပ်ပြခြင်းကို နေ့ရက်အလိုက် နေရာဒေသသတ်မှတ်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကော်မရှင်အရာရှိထံမှ သိရသည်။

ဆန်းကိုကို(ပြန်/ဆက်)