လပွတ္တာ ဩဂုတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူငယ့်အားမာန်သင်တန်းကျောင်း အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၉ နာရီအချိန်က အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။
အခမ်းအနားမစတင်မီ ၂၈-၃-၂၀၂၅ ရက်နေ့တွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း မန္တလေးမြေငလျင်ကြီးဒဏ်ကြောင့် ထိခိုက်ခံစားခဲ့ရသည့် ရဟန်းရှင်လူပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ် ၁ မိနစ်ခန့်ငြိမ်သက်ခြင်း၊ လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ ခရိုင်လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဆင့်နှင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်မေဇင်ကျော်တို့က သင်တန်းနည်းပြအဖြစ် အာဟာရအသိပညာပေး ဆင့်ပွားသင်တန်းတွင် သိသင့်သိထိုက်သည့်အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် သင်တန်းသား၊ သင်တန်းသူ(၃၂)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ လပွတ္တာခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်ကိုဦးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဖြူဖြူဝင်းနှင့် အဖွဲ့များ၊ လပွတ္တာမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစံရင်မော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်အိအိနွယ်နှင့်အဖွဲ့များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုအသင်းဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဟိန်းထက်လင်း(ပြန်/ဆက်)