ဘိုကလေး ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် မြို့ဆွမ်းလောင်း အသင်းဓမ္မာရုံဘေးလမ်း၊ အ.မ.က(ဓမ္မာရုံ)ကျောင်းအနီးတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဩဂုတ် (၂၄) ရက်နေ့ နေ့လယ်ပိုင်းက ကံ့ကော်ပင်တစ်ပင်လဲကျပြီး လမ်းပိတ်ဆို့နေသဖြင့် ယနေ့နံနက်(၇)နာရီအချိန်၌ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ သွားရောက်ရှင်းလင်းခဲ့ကြကြောင်း သိရသည်။
လဲကျသော ကံ့ကော်ပင်သည် လမ်းအားပိတ်ဆို့နေသဖြင့် အ.မ.က(ဓမ္မာရုံ)ကျောင်းသို့ကျောင်းတက်လာရောက်ကြမည့် ကျောင်းသား/သူများ သွားလာရခက်ခဲမှုရှိနိုင်သဖြင့် ဘိုကလေးမြို့နယ်၊ မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ကာ လဲကျသစ်ပင်အား ဖြတ်တောက် ရှင်းလင်းဖယ်ရှား၍ လမ်းပေါ်ရှိ အမှိုက်သရိုက်၊ သစ်ရွက်၊ သစ်ကိုင်းများအား ရှင်းလင်းဖယ်ရှားခဲ့ကြကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)