မြိတ် သြဂုတ် ၂၆
မြိတ်တက္ကသိုလ်တွင် တက္ကသိုလ်ကျောင်းသား/သူများအား တက္ကသိုလ်ပညာရပ်များအပြင် ဘက်စုံထူးချွန်သော လိမ္မာယဉ်ကျေးသော ကျောင်းသားကျောင်းသူများ ဖြစ်လာစေရန်၊ လောကနီတိကျင့်ဝတ်များကို လိုက်နာဆောင်ရွက်တတ်စေရန် ရည်ရွယ်၍ သြဂုတ်၂၅ရက် မွန်းလွဲ ၃နာရီက တက္ကသိုလ် Theater (2)အဆောင်တွင် လူငယ် နှင့်လောကနီတိ သင်တန်းကို တက္ကသိုလ်ဗုဒ္ဓဘာသာအသင်းမှ ကြီးမှူးဖွင့်လှစ်သည်။
သင်တန်းဖွင့်ပွဲတွင် မြိတ်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေသွယ်ကြည်က သင်တန်းဖွင့်လှစ်သည့် ရည်ရွယ်ချက်များ၊ သင်တန်းနှင့် ပတ်သက်သည်များကို ရှင်းလင်းလျှောက်ထားပြီး သင်တန်း စတင်ခဲ့သည်။ သင်တန်းတွင် လောကနီတိ၊ လောကသာရပျို့(အမျိုးလေးပါးဆုံးမခန်း)၊ သိင်္ဂါလောက ဝါဒဆုံးမစာ၊ ဂိဟိဝိနယ ဆုံးမစာ စသော သင်ခန်းစာများကို ဩဂုတ်၂၅ရက်မှ၃၁ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်သည်။
သင်တန်းကို ဘာသာရပ်ပေါင်းစုံမှ ကျောင်းသားကျောင်းသူ၁၃၈ဦးတက်ရောက်ပြီး မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ ဉာဏဝံသ စံကျောင်း ဆရာတော် မှ သင်ကြားပို့ချ ခြင်း၊ ကျောင်းသား/သူများနှင့် အပြန်အလှန်ဆွေးနွေးသည့်စနစ်ဖြင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းသိရသည်။
ခိုင်ထူး ( ပြန်/ဆက် )