လေးမျက်နှာမြို့နယ်၌ (၂၆)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကျင်းပ

လေးမျက်နှာ ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး၊ ပညာရတနာခန်းမတွင် ဩဂုတ်လ ၂၄ ရက်နေ့နံနက်(၉)နာရီက (၂၆)ကြိမ်မြောက် မြို့နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု ဆို၊ က၊ ရေး၊ တီးပြိုင်ပွဲကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာမြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ချိုချိုလှိုင်ကအဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြိုင်ပွဲများကိုကျင်းပခဲ့ရာ အ.ထ.က၊ အ.ထ.က(ခွဲ)၊ အ.လ.က(၁၆)ကျောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ အဆိုပါပြိုင်ပွဲတွင် ကဗျာလွတ်အက ယှဉ်ပြိုင်သူ(၂)ဖွဲ့၊ တပင်တိုင်အက ယှဉ်ပြိုင်သူ(၅)ဦး၊ ကျေးလက်အကယှဉ်ပြိုင်သူ(၄)ဖွဲ့၊ အဆိုယှဉ်ပြိုင်သူ (၉)ဦး၊ အတီးယှဉ်ပြိုင်သူ (၂)ဖွဲ့ယှဉ်ပြိုင်ခဲ့ရာ အကဒိုင် ဆရာ၊ ဆရာမ (၅)ဦး၊ အဆိုဒိုင်(၅)ဦး၊ အတီးဒိုင်(၅)ဦးတို့မှ အကဲဖြတ် အမှတ်ပေးခဲ့သည်။

အခမ်းအနားသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူရစိုး၊ မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ချိုချိုလှိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ အကဲဖြတ်အမှတ်ပေးဒိုင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

မိုးသက်ကို