ဟင်္သာတမြို့နယ်၌ ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

ဟင်္သာတ ဩဂုတ် ၂၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၊ တလုတ္ထော်မြို့၊ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း (တလုတ္ထော်) စာသင်ကျောင်းခန်းမနှင့် ဓမ္ဘီကျေးရွာအုပ်စု၊ အခြေခံပညာအထက်တန်းကျောင်း(ဓမ္ဘီ)ရှိ “ပညာရတနာ”ကျောင်းခန်းမ၌ ယမန်နေ့နံနက်ပိုင်းနှင့် နေ့လည်ပိုင်းတို့က ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေး၊ အတွင်းရေးမှူး ဒေါ်စန်းစန်းအေး ၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးသောင်းရွှေ၊ ဦးသိန်းညွှန့်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ   ဝန်ထမ်းများ၊ နည်းပြဆရာများ၊ ကျေးရွာအုပ် ချုပ်ရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် ဟင်္သာတမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းဌေး က အဖွင့်အမှာစကားပြောကြားခြင်း၊ ဟင်္သာတမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်စန်းစန်းအေးက မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီးနောက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဒုဦးစီးမှူး ဦးအောင်မင်းဌေးနှင့် နည်းပြသင်တန်းတက်ရောက်ခဲ့သူများမှ လက်တွေ့စမ်းသပ်မဲပေးခြင်းအား သရုပ်ပြသခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော ကျေးရွာအုပ်စုများအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများမှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက် ခဲ့ကြောင်း  သိရသည်။

ခရိုင်(ပြန်/ဆက်)