မုံရွာ ဩဂုတ် ၂၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဗိုလ်မှူးကြည်သာအောင်၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း သင်တန်းကို ယနေ့နံနက် ၉ နာရီက အခြေခံပညာအထက်တန်းကျောင်း ဆရာစံခန်းမတွင် ဒုတိယနေ့အဖြစ် ဆက်လက်ပို့ချခဲ့သည်။
အဆိုပါ သင်တန်းတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအရာရှိ ဒေါ်ဇာဇာခိုင်နှင့် ဒုတိယဦးစီးမှူး ဦးစိုးသက်အောင်တို့ မြန်မာအီလက်ထရောနစ်မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ဆက်စပ်ပစ္စည်းများ၊ အီလက်ထရောနစ်မဲပေးစက်များ စစ်ဆေးခြင်း၊ ရွေးကောက်ပွဲမတိုင်မီမဲရုံတွင် အီလက်ထရောနစ်မဲပေးစက်များအသုံးပြုရန် ကြိုတင်ပြင်ဆင်ခြင်းနှင့် စမ်းသပ်မဲပေးခြင်းနည်းစနစ်များ၊ အီလက်ထရောနစ်မဲပေးစက်များကို ကိုင်တွယ်ခြင်း၊ မဲရေတွက်ခြင်း၊ အရေးပေါ်ကိစ္စရပ်များ ဖြစ်ပေါ်လာပါက ဆောင်ရွက်ရမည့်လုပ်ငန်းစဥ်များ၊ မဲပေးစက်အသုံးပြုခြင်းလုပ်ငန်းများ၊ မြန်မာ့အီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုခြင်း လုပ်ငန်းစဉ်များကို သင်တန်းသား/သင်တန်းသူ ၈၂ ဦးအား လက်တွေ့သင်ကြားပို့ချပေးလျက်ရှိသည်။
ခရိုင်(ပြန်/ဆက်)