ဇလွန်မြို့နယ်တွင် (၂၆)ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပ

ဇလွန် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် (၂၆)ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီတွင် ​အ.ထ.က(၁)ဇလွန် အမျိုးသားဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို အ.ထ.က(၁)ဇလွန်မှ မခြူးခြူးဇင်သူက မင်္ဂလာနေ့ပါရှင် သီချင်းဖြင့်သီဆို၍ ဖွင့်လှစ်ခဲ့ပြီး  (၂၆)ကြိမ်မြောက် မြို့နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို ဆက်လက်ကျင်းပရာ အခြေခံပညာအဆင့် ၁၀-၁၅ နှင့် ၁၅-၂၀ ကာလပေါ်အဆို (အမျိုးသား/အမျိုးသမီး)၊ အမျိုးသမီးကဗျာလွတ်အက၊ အတီးပြိုင်ပွဲ(စန္ဒယား)၊ (တယော)၊ (အိုးစည်) ယှဥ်ပြိုင်မှုများကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ အကဲဖြတ်အမှတ်ပေးမည့်ဒိုင်များက ကြည့်ရှုအားပေးခဲ့ကြသည်။

ဝေယံ(ပြန်/ဆက်)