မအူပင်မြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး ၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲကျင်းပ

မအူပင် သြဂုတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး မြို့နယ်အဆင့်ပြိုင်ပွဲအား ယမန်နေ့နံနက်(၁၀)နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း မြတ်ပညာခန်းမတွင် ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး ၊အတီး မြို့နယ်အဆင့်ပြိုင်ပွဲအားကျင်းပရာ အခြေခံပညာအဆင့် ၁၀-၁၅ နှင့် ၁၅-၂၀ ကာလပေါ်အဆို (အမျိုးသား/အမျိုးသမီး)၊ အမျိုးသား/အမျိုးသမီးအက၊ ကဗျာလွတ်အက၊ အတီးပြိုင်ပွဲ(အမျိုးသား/အမျိုးသမီး)၊ အမျိုးဂုဏ်ဇာတိဂုဏ်မြှင့်တင်ရေး အဆိုပြိုင်ပွဲ(အမျိုးသား/အမျိုးသမီး)ပြိုင်ပွဲ၊ အကပြိုင်ပွဲ(အမျိုးသား)များကို ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသူများအား ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများက ဂုဏ်ပြုဆု‌ငွေများပေးအပ်ချီးမြှင့်ခဲ့ကြပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)