ငွေဆောင် ဒီဇင်ဘာ ၂၁
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့မစျေးတွင် စျေးရောင်း၊ စျေးဝယ်ကြသူများ အသုံးပြုနိုင်ရန် ယနေ့နံနက် ၉ နာရီချိန်က လက်ဆေးဘေစင်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသုံးပစ္စည်းများကို ငွေဆောင်မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများထံသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ငွေဆောင်မြို့ Lover View Hotel မန်နေဂျာကိုနေမျိုးနှင့် အဖွဲ့မှ လက်ဆေးဘေစင်တစ်ခု၊ ဆပ်ပြာဘူးကြီး ၁ ဘူး၊ နှာခေါင်းစည်း (Mask) ၃ ဘူး၊ လက်သန့်ဆေး ၂ ဘူး တို့ကိုလည်းကောင်း၊ ငွေဆောင်မြို့ ဘုရားတောင်အနီးမှ ကိုရန်နိုင်စိုးက ရေတိုင်ကီ တစ်လုံးအား လာရောက်လှူဒါန်းရာ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်ရည်ရွယ်၍ လူစည်ကားရာနေရာဖြစ်သည့် မြို့မစျေးတွင် ယခုလို လှူဒါန်းရခြင်း ဖြစ်ကြောင်း အလှူရှင် တစ်ဦးထံမှ သိရသည်။
မူမူသွင်(ပြန်/ဆက်)