စစ်ကိုင်းတိုင်းသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မြို့ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နမှု လိုက်လံကြည့်ရှု

မုံရွာ ဩဂုတ် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက်ပိုင်းတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများမှ ကျောင်းသား၊ကျောင်းသူများ ကျန်းမာသန်စွမ်းစွာဖြင့် ပညာသင်ကြားနိုင်ရေးတွက် မုံရွာပညာရေးဒီဂရီကောလိပ် လေ့ကျင့်ရေး အလယ်တန်းကျောင်းဝန်းအတွင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုခဲ့ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများအား တိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့တို့မှ စားသုံးဆီများ၊ ဆန်များနှင့်ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းသက်စွာဖြင့် ရောင်းချပေးနေမှုများအား ကြည့်ရှုအားပေးခဲ့ကြပြီး သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသူများအား နံနက်စာများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျောင်း ရှိစာကြည့်တိုက်အတွင်း သုတ/ရသစာအုပ်စာစောင်များ စနစ်တကျထားရှိမှုများအား လိုက်လံကြည့်ရှုခဲ့ကြပြီး ကျောင်းအုပ်ဆရာမများထံ ကျောင်းစာကြည့်တိုက်အတွက် ငွေကျပ် - ၁၀ သိန်း အား ပေးအပ်ခဲ့ကြသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ခွင့်ရဒေသနှင့် ခရိုင် ၁၃ ခရိုင်တွင် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ နှင့် စည်ပင်သာယာရေးအဖွဲ့များ စုစုပေါင်းအင်အား ၁၀၀၀ ဦး ကျော်ဖြင့် အခြေခံပညာ ကျောင်းများ၌ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့ပေါ်ရှိ ရပ်ကွက် ၁၈ ရပ်ကွက်တွင် နေထိုင်ကြသည့်ပြည်သူများ သန့်ရှင်းသောသောက်သုံးရေရရှိစေရန်အတွက် နေ့စဉ် ရေဂါလံ ၁၀ သန်း ထုတ်လုပ်ပေးနေသည့် ‌သလ္လာဝတီရပ်ကွက်ရှိ AQUA PURA ရေသန့်စင်ရေးနှင့် ရေပေးဝေရေးလုပ်ငန်းသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ ချင်းတွင်းမြစ်မှတဆင့် နိုင်ငံတကာ ရေပေးဝေရေးလုပ်ငန်းများတွင် အသုံးပြသည့် HDPE ပိုက်များဖြင့်ရေတင်ကာ လာမီလာနည်းပညာဖြင့် ရေသန့်စင်ခြင်းလုပ်ငန်းအဆင့်အဆင့် နှင့်ရပ်ကွက်များသို့ ရေဖြန့်ဝေပေးနေမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ် သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ခေတ်မီစက် ကြီးများဖြင့် ရေသန့်စင်နေမှုအဆင့်ဆင့်နှင့် ဓါတ်ခွဲခန်းတို့အား လိုက်လံကြည့်ရှုစစ်ဆေးခဲ့ ကြသည်။ ဆက်လက်ပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တစ်ရက်လျင် သောက်ရေသန့် ၁ လီတာဘူး ၂၀၀၀ ထုတ်လုပ်နေသည့် R PAW(အာပေါ) သောက်ရေ သန့်စက်ရုံသို့ ရောက်ရှိရာ စက်ရုံတာဝန်ခံမှ စက်ရုံအတွင်း ရေသန့်ဘူးခွံ ဆိုဒ်အမျိုးမျိုး ထုတ်လုပ်နေမှုနှင့် ရေသန့်ဘူးများ ထုတ်လုပ်ထုတ်ပိုးနေမှုအဆင့်ဆင့်အား လိုက်လံရှင်းလင်းပြသသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့နေပြည်သူများအတွက် သောက်သုံးရေလိုအပ်မှုမရှိစေရေးအတွက် အနောက်ဘက်ကန်သာယာတွင် ရေဂါလံပေါင်း - သန်း ၃၀ ကျော်သိုလှောင်ရေစစ်နိုင်သည့် အကျယ် - ၁၀ ဧက၊ အနက် - ၁၁ ပေရှိ မြို့ရေပေးဝေရေးရေစစ်ကန်တွင် ရေသိုလှောင်ထားနိုင်မှုအခြေအနေ အားသွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုက်လံရှင်းလင်းပြသမှုများအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မုံရွာမြို့၊ အနောက်ဘက် ကန်သာယာကန်သို့ ရောက်ရှိရာ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့ညွှန်ကြားရေးမှူးက အနောက်ဘက်ကန်သာယာတွင် မြေထိန်းကွန်ကရစ်ပြားများ တပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က တည်ဆောက်ရေးလုပ်ငန်းများ စံချိန်စံညွှန်းမီ အရည်အသွေးကောင်းမွန်စွာဖြင့် တည်ဆောက်သွားရေးနှင့် အနောက်ဘက်ကန် သာယာကန်အား အမြဲသန့်ရှင်းသာယာလှပရေးတို့အား တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်သွားကြရန်တို့အား မှာကြားကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။ 

တိုင်းဒေသကြီး(ပြန်/ဆက်)