မုံရွာ ဩဂုတ် ၂၄
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် အခြေခံစာကြည့်တိုက်ပညာသင်တန်း(၂/၂၀၂၅) ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီက မုံရွာခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။
ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားခဲ့ပြီး သင်တန်းဆင်းလက်မှတ်များကိုပေးအပ်ရာ သင်တန်းသား၊ သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦး က လက်ခံရယူခဲ့ပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်းသိရသည်။
အဆိုပါ အခြေခံစာကြည့်တိုက်ပညာရပ်များကို တိုင်းဒေသကြီး/ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဩဂုတ်လ ၁၉ ရက်နေ့မှ ၂၃ ရက်နေ့အထိ နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိ သင်တန်းသား၊ သင်တန်းသူ ၂၁ ဦးအား စာတွေ့ လက်တွေ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)