ဂန့်ဂေါ ဩဂုတ် ၂၄
မကွေးတိုင်းဒေသကြီး၊ဂန့်ဂေါမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို အပတ်စဉ်(စနေနေ့တိုင်း)ဆောင်ရွက်လျက်ရှိရာ အဆိုပါဆောင်ရွက်မှုအခြေအနေများကို ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့နံနက် ၈ နာရီက မြောက်ကုန်းရပ်ကွက်ရှိ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာရုံးများသို့ သွားရောက်၍ ရုံးတွင်း/ရုံးပြင်သန့်ရှင်းရေးဆောင်ရွက်မှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။
ထိုသို့ ကြည့်ရှုစစ်ဆေးရာတွင် မြန်မာ့စီးပွားရေးဘဏ်၊ မြို့နယ်သမဦးစီးရုံး၊ ခရိုင်ပြန်/ဆက်ရုံး၊ ခရိုင်/မြို့နယ်မွေး/ကုရုံးနှင့် မြို့နယ်စည်ပင်ရုံးများသို့သွားရောက်၍ ရုံးတွင်း/ရုံးပြင် သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားမှု အခြေအနေများ၊ ဌာနဆိုင်ရာရုံးခန်းများ စနစ်တကျ သန့်ရှင်းသပ်ရပ်စွာထားရှိမှုများ၊ ရုံးအဆောက်အဦနှင့် ဝန်ထမ်းအိမ်ယာများတွင် သန့်ရှင်းရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို ကြည့်ရှု့စစ်ဆေး၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်က ဌာနအကြီးအကဲများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံကာ မိမိတို့ရုံးဌာနများ အမြဲသန့်ရှင်းသာယာ လှပစေရေးအတွက် ရုံးတွင်း/ရုံးပြင်သန့်ရှင်းရေးလုပ်ငန်းများကို ဝန်ထမ်းများစုပေါင်း၍ နေ့စဉ်ဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း၊ ရုံးဌာန အဆောက်အဦများနှင့် ဌာနပိုင်မော်တော်ယာဉ်များပျက်စီး ဆုံးရှုံးမှုမဖြစ်စေရေးအတွက် ပြုပြင်ရန်လိုအပ်သည်များကို အချိန်မီပြုပြင်ဆောင်ရွက်သွားကြရန်နှင့် ဌာနမှ မိမိတို့အားပေးအပ် သည့် လုပ်ငန်းတာဝန်များကို ကျေပွန်စွာထမ်းဆောင်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။
ဂန့်ဂေါခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ရဲရန်ပိုင်နှင့် တာဝန်ရှိသူများသည် မြို့သန့်ရှင်းသာယာလှပရေးနှင့် ဌာနဆိုင်ရာရုံးများ၏ ရုံးတွင်း/ရုံးပြင် သန့်ရှင်ရေးဆောင်ရွက်မှုအခြေအနေများကို အပတ်စဉ်(စနေနေ့)တိုင်း ကွင်းဆင်းကြည့်ရှုစစ်ဆေး ဆောင်ရွက်လျက်ကြောင်း သိရသည်။
မောင်မျိုးမင်း