ယင်းမာပင် ဩဂုတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် ယင်းမာပင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ လူထုအခြေပြု အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲကို ယမန်နေ့က စတင်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) တွင် ပြသပေးလျက်ရှိကြောင်း သိရသည်။
လူထုအခြေပြုအသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲ ပြသရာတွင် ယင်းမာပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးဆိုင်ရာ သိကောင်းစရာများ၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးမည့် သီးနှံများ အထွက်နှုန်း မြင့်မားရေးအတွက် လိုက်နာဆောင် ရွက်ရမည့် နည်းလမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ဆေးလိပ်သောက်ခြင်းနှင့် ဆေးရွက်ကြီး အန္တရာယ်ဆိုင်ရာ သိကောင်းစရာများ၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ယင်းမာပင် မြို့နယ်ဦးစီးမှူးရုံးက နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်သည့် နိုင်ငံသားတိုင်း လိုက်နာရမည့် အချက်များနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ရာတွင် ပါရှိရမည့် အချက်များကို ဗီနိုင်းများဖြင့် ပြသခဲ့ကြသည်။
အဆိုပါ လူထုအခြေပြု အသိပညာပေး နံရံကပ်စာစောင်များနှင့် ဓာတ်ပုံပြပွဲကို ပြည်သူများ လာရောက်ကြည့်ရှုနိုင်စေရန်အတွက် ယင်းမာပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်သူ့ဝန်ဆောင် မှုရုံး (OSS)တွင် နေ့စဉ် ပြသပေးလျက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)