တမူးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်

တမူး၊ ဩဂုတ် ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် ဩဂုတ်လ (၂၀) ရက်နေ့ နေ့လယ်(၁)နာရီအချိန်က သတင်းရေးသားနည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သင်တန်းတွင် တမူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မာမာဝင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သင်တန်းကို ဆက်လက်ပို့ချရာ မြို့သစ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနန မြို့ဦးစီးမှူး ဒေါ်စန္ဒာထွန်းနှင့် ဓာတ်ပုံကျွမ်းကျင်-၂ ဦးကျော်သူရတို့က သတင်းရေးသားရာတွင် အခြေခံရမည့်အချက်များ၊ သတင်းကောင်းတစ်ပုဒ်တွင် ပါဝင်ရမည့်အချက်များ၊ သတင်းအရင်းမြစ်များရှာဖွေခြင်း၊ သတင်းသမားများ၏ ကျင့်ဝတ်များကို စာတွေ့လက်တွေ့ပို့ချပေးခဲ့သည်။

အဆိုပါသင်တန်းသို့ တမူးခရိုင်နှင့် မြို့သစ်မြို့ရုံးတို့မှ ဝန်ထမ်းများ တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ်လ (၂၀) ရက်နေ့မှ (၂၂) ရက်နေ့အထိ (၃) ရက်ကြာ သင်ကြား‌ပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ရတနာ