ထားဝယ်မြို့၌ ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ

ထားဝယ်     ဩဂုတ် ၂၂

ရွေးကောက်ပွဲဥပဒေအသိပညာပေး ဟောပြောပွဲကိုယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တနင်္သာရီတိုင်းဒေသကြီး ဥပဒေချုပ်ရုံးအစည်း အဝေးခန်းမ၌ကျင်းပသည်။

ဟောပြောပွဲတွင် တိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းသန်းက အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေး ကောင်စီ၏ ဦးတည်ချက်(၄)ရပ်အနက် ပထမဆုံးဦးတည်ချက်မှာ နိုင်ငံတော်၏ အမျိုးသားအကျိုးစီပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာစေရန် အစဉ်တစိုက်ဆောင်ရွက်ရေးဟု ဖော်ပြထားကြောင်း၊ ယင်းဦးတည် ချက်အရ နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ကိုယ်စားလှယ်များဖြစ်ပေါ်လာရေးအတွက် မကြာမီအချိန်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပမည်ဟု ကြေညာထားကြောင်း၊ တိုင်း/ခရိုင်/မြို့နယ် ဥပဒေအရာရှိတို့သည် သက်ဆိုင်ရာအဆင့်တွင် ကော်မရှင်အဖွဲ့ဝင်များအဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်သလို ခရိုင်နှင့်မြို့နယ်ဥပဒေအရာရှိတို့သည် ခရိုင်နှင့်မြို့နယ်စီမံခန့်ခွဲရေးကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင် ရသူများ၊ ဆောင်ရွက်ရမည့်သူများဖြစ်ကြောင်း၊ ဥပဒေအရာရှိများနှင့်ဝန်ထမ်းများအနေဖြင့် နိုင်ငံသားများ၊ နိုင်ငံ့ဝန်ထမ်းများဖြစ်ကြသဖြင့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအောင်မြင်စေရေးအတွက် ကျရာကဏ္ဍမှ  ပူးပေါင်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ ဒေသဆိုင်ရာအာဏပိုင်အဖွဲ့အစည်းများ၊ လုံခြုံရေးအဖွဲ့ အစည်းများနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အားလုံး ပူးပေါင်းပါဝင်ရမည်ဖြစ်ကြောင်းပြောကြားပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေနှင့် ရွေးကောက်ပွဲ စနစ်များ အကြောင်းကို ရှင်းလင်းဆွေးနွေးပြောကြားသည်။

ဟောပြောပွဲသို့ တိုင်းဒေသကြီးဥပဒေချုပ်ရုံး၊ ထားဝယ်ခရိုင်ဥပဒေရုံးနှင့် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်ဥပဒေရုံးများမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ခဲ့ကြောင်းသတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)